အဝလွန်တတ်သော breed အမျိုးအစားဖြစ်သောကြောင့် လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ pug လေးများအတွက် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။
သို့သော် အလွန်အမင်းပြင်းထန်သော လေ့ကျင့်ခန်းများကတော့ pug လေး များအတွက် မလိုအပ်သည့်အပြင် အန္တရာယ်ပါ ဖြစ်စေနိုင်ပါသည်။
့ သင့်လျော်အဆင်ပြေသော လေ့ကျင့်ခန်းမျိုးကိုသာ သင်တို့၏ pug လေးများအတွက် ရွေးချယ်ပေးသင့်ပါသည်။
Pug လေးများအတွက် လမ်းလျှောက်ခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
1 )ကြွက်သားများသန်မာစေဖို့အတွက် အထောက်အကူဖြစ်ခြင်း
2 ) သင့် pug လေး၏ိ တင်ပါးပိုင်းရှိ ကြွက်သားများ , ခြေထောက်ပိုင်း နှင့် လက်ပိုင်းရှိ joint များ သန်မာစေခြင်း
3 ) နှလုံးကို အားကောင်းစေခြင်း
4 ) လမ်းလျှောက်သောကြောင့် ကယ်လိုရီများလောင်ကျွမ်း၍ အဝလွန်ခြင်းကို တားဆီးပေးနိုင်ခြင်း
5 ) အိမ်ပြင်ထွက်၍ လမ်းလျှောက်ခြင်းကြောင့် ပြင်ပလူများနှင့် ပတ်ဝန်းကျင်ကို ကြောက်ရွံ့မှု မရှိတော့ခြင်း
စသည့် အကျိုးကျေးဇူးများကို သင့်၏ pug လေးကို လမ်းမှန်မှန်လျှောက်ပေးခြင်းမှ ရရှိစေနိုင်ပါသည်။
6 ) တနေ့ကို အနည်းဆုံး မိနစ် ၂၀ မှ ၃၀ လမ်းလျှောက်ပေးသင့်ပါတယ်။
( တကြိမ် လမ်းလျှောက်လျှင် 10-15 မိနစ်ဖြင့် တနေ့ကို မနက် တကြိမ် , ညနေတကြိမ် လမ်းလျှောက်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
#သင်၏ pug လေးကို အချိန်အကြာကြီး လမ်းလျှောက်ပေးခြင်းကိုတော့ ရှောင်ရှားရပါမည်။ )
7 ) ပူပြင်းသော ရာသီဥတုတွေမှာ pug လေးကို လမ်းလျှောက်မယ်ဆိုရင်တော့ မနက် 10 နာရီ မတိုင်ခင် နဲ့ ညနေ 5 နာရီ နောက်ပိုင်း အချိန်တွေကအကောင်းဆုံး ဖြစ်ပါတယ်။
( Heatstroke ဖြစ်နှုန်း များသော breed ဖြစ်သောကြောင့် နေအရမ်းပူသော အချိန်တွင် လမ်းလျှောက်ပေးခြင်းကို ရှောင်ရှားသင့်ပါတယ်။ )
##4 လ မတိုင်ခင် လမ်းလျှောက်ခြင်း ကို ပြုလုပ်ပါက pug လေးများ၏ အရိုးများ သန်မာမှု မရှိသေးသောကြောင့်
4 လနောက်ပိုင်းမှသာ pug လေးများကို လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းလုပ်ပေးသင့်ပါသည်။##
့
No comments:
Post a Comment