Friday, March 18, 2016

Pug လေးများနဲ့ ခံတွင်းကျန်းမာရေး

Credit to Coral Coral

ခံတွင်းအနံ့ထွက်ခြင်းဟာ ခွေးလေးများတွင် သာမန် ဖြစ်ရိုးဖြစ်စဉ်မျိုးသာ ဖြစ်သည်ဟု ယူဆနိုင်သော်လည်း တခါတရံတွင်တော့ ခန္ဓာကိုယ်တွင်း ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နေတတ်ပါတယ်။

များသောအားဖြင့် ခံတွင်းကို သန့်ရှင်းရေး လုပ်ပေးရန် အားနည်းခြင်းကြောင့် အနံ့ဆိုးများ ဖြစ်လာတတ်ခြင်း ဖြစ်ပါတယ်။

၁ နှစ်မှာ တကြိမ် (သို့) နှစ်ကြိမ် သင့် ခွေးလေးများရဲ့ ခံတွင်း / သွား ကျန်းမာရေးအတွက် ဆရာဝန်ထံတွင် စစ်ဆေးသင့်ပါတယ်။

pug လေးများရဲ့ သွားများဟာ သေးငယ်ပြီး ခပ်စိတ်စိတ် ရှိနေတဲ့အတွက် ခံတွင်းနံ့ နံခြင်း ဖြစ်လွယ်ပါတယ်။

အောက်ဖော်ပြပါ အချက်များကတော့ သင်၏ pug လေးကို ခံတွင်းနံ့ နံခြင်း လျော့နည်းစေရန် အိမ်တွင် အလွယ်တကူ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်း အချို့ဖြစ်ပါတယ်။

A ) တစ်နေ့တစ်ကြိမ် သွားတိုက်ပေးခြင်း

- ကိုယ်ကိုတိုင် အစားစားပြီး သွားမတိုက်ရင် ဘာတွေဖြစ်တတ်လဲ ဆိုတာ အရင်တွေးကြည့်လိုက်ပါ။ 

pug လေးများငယ်စဉ်ကတည်းက သွားတိုက်ပေးခြင်းကို အကျင့်ဖြစ်စေရန် လေ့ကျင့်ပေးထားရမှာ ဖြစ်ပါတယ်။
ခွေးလေးများအတွက် သွားတိုက်တံ နဲ့ သွားတိုက်ဆေးကို pet shop တွေမှာ ဝယ်ယူလို့ရပါတယ်။

* အထူးသတိပြုရန်ကတော့ လူသုံးတဲ့ သွားတိုက်ဆေးကို ခွေးလေးများအတွက် မသုံးစွဲသင့်ပါဘူး *

B ) ကစားစရာများ ပေးဆော့ခြင်း

- မာကြောသော ရာဘာ အရုပ်များ ကိုက်ဆော့ခြင်းက သွားများကို သန့်ရှင်းစေပြီး သွားအတွင်းရှိ ဂျီးများကိုလည်း ပြောင်စေနိုင်ပါတယ်။
အရိုးတုများ ကိုက်စေခြင်းကလည်း သွားများအတွက် အထောက်အကူ ရစေပါတယ်။ ( သို့သော် ယခုနောက်ပိုင်းတွင် အရိုးတုများသည် ခွေးလေးများအတွက် မသင့်တော်ဘူးဆိုသည့် post များလည်း fb တွင် တွေ့မြင်နေရပါတယ်။ )

C ) လက်ရှိကျွေးနေသော အစာကို ပြောင်းလဲပစ်ခြင်း

- အစာကြေလွယ်စေသော အစာများကျွေးခြင်းကလည်း ပါးစပ်နံခြင်း သက်သာစေရန် အကြောင်းတခုဖြစ်ပါတယ်။ အစာကျွေးစဉ် အသားအများကြီးထည့်ကျွေးမယ့်အစား အစာခြောက်ပြောင်းကျွေးပေးခြင်းကလည်း ရာဘာအရုပ်များဆော့သကဲ့သို့ ခံတွင်းမှ အနံ့ဆိုးလျော့စေရန် အထောက်အကူ ပြုပါတယ်။

apple cider vinegar ကို pug လေးများသောက်မယ့် ရေထဲကို ပမာဏ အနည်းငယ် ( ထည့်ထားသော ရေပမာဏရဲ့ ၄ ပုံ ၁ ပုံ )ထည့်တိုက်ပေးခြင်းကလည်း ခံတွင်းနံ့ နံခြင်းကို လျော့နည်းစေပါတယ်။

ခွေးလေးများရဲ့ ပါးစပ်သန့်ရှင်းစေရန် pet shop များတွင်လည်း လိုအပ်သော ပစ္စည်းများ အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်။

D ) အခါအားလျော်စွာ ခံတွင်းကို စစ်ဆေးပေးခြင်း

- တခါတရံ သွားကြားများအတွင်း အစာများညက်နေခြင်း, လူများကဲ့သို့ စားပြီးသားအစာများမှ မမြင်ရသော ဘက်တီးရီးယားပိုးများ ပါးစပ်အတွင်း ပေါက်ဖွားနေခြင်း , ခံတွင်းအတွင်း ပြည်တည်နာဖြစ်ခြင်း , ခံတွင်းကင်ဆာ စသည့် အကြောင်းများကလည်း ခံတွင်းနံ့ ဆိုးစေပါတယ်။

အထက်ပါ အချက်များကိုလေ့လာရင်း သင်တို့ရဲ့ pug လေးများ ခံတွင်းကျန်းမာရေးအတွက် အထောက်အကူ တစုံတရာ ပေးနိုင်လိမ့်မယ်ဟု မျှော်လင့်မိပါတယ်။

ယခုထက် ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ကျွမ်းကျင် ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်

No comments:

Post a Comment