Pug လေးတွေကို ပိုင်ဆိုင်သော ပိုင်ရှင်များအနေနဲ့ သင့်တို့၏ pug လေးများကို အမွှေးလုံးဝ မကျွတ်အောင် လုပ်လို့မရနိုင်ပေမယ့် အမွှေးကျွတ်နှုန်း နည်းအောင်တော့ လုပ်ပေးလို့ရပါတယ်။
အမွှေးအလွှာ တထပ်တည်းရှိတဲ့ black pug တွေဟာ fawn pug တွေလောက် အမွှေးမကျွတ်ပါဘူး။
Fawn pug တွေကတော့ အမွှေးအလွှာ နှစ်ထပ်ရှိတဲ့ အတွက် အမွှေးပိုကျွတ်ပါတယ်။
နေ့စဉ် အမွှေးဖီးပေးခြင်းက အမွှေးကျွတ်ခြင်းနည်းပါးစေရန် ပြုလုပ်ပေးနိင်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။
ခေါင်းမှ အမြီးအထိ ၊ ခန္ဓာကိုယ်ဘေးတဘက်စီ၊ ဝမ်းဗိုက်ပိုင်း စတဲ့ နေရာတွေကို ဖီးပေးရမှာဖြစ်ပါတယ်။
2 - 3 ပတ် တကြိမ် သို့ အနည်းဆုံး တလကို တကြိမ် ရေမှန်မှန်ချိုးပေးခြင်းကလည်း အမွှေးကျွတ်ခြင်းကို သက်သာစေပါတယ်။
Omega 3 နဲ့ omega 6 ကို ( ဆရာဝန်နှင့်တိုင်ပင်၍ ) ဖြည့်စွက် တိုက်ကျွေးပေးခြင်း၊ ဆော်လမွန်ငါး၊ တူနာငါး စသော omega 3 fatty acid ပါသော အစာအာဟာရများ ဖြည့်စွက်ကျွေးပေးခြင်းတို့ကလည်း အမွှေးနဲ့ အရေပြား ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
အပြင်သို့လမ်းလျှောက်ထွက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စသည်တို့သည်လည်း အမွှေးနှင့် အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အမွှေးကျွတ်ခြင်း သက်သာစေပါတယ်။
Ques : ဘယ်အချိန်တွေမှာ အမွှေးကျွတ်တတ်ပါသလဲ ?
Ans :
A ) ဟော်မုန်း
ခန္ဓာကိုယ်အတွင်း ဟော်မုန်း အပြောင်းအလဲ ဖြစ်တဲ့ အချိန်တွေမှာ အမွှေးအကျွတ်ဆုံး ဖြစ်ပါတယ်။
- အသက် ၄ လမှ ၉ လကြား ငယ်မွှေးမှ ကြီးမွှေး လဲတဲ့ အချိန်
-အမ လေးများ သားပေါက်ချိန် နှင့် သားပေါက်ပြီးချိန်
-heat လာနေစဉ်နဲ့ heat လာပြီးသော အချိန်
B) ရာသီဥတု
သဘာဝတရားအရ ခွေးများ၏ခန္ဓာကိုယ် အနွေးဓာတ်ရစေရန်၊ရာသီဥတုဒဏ်ခံနိုင်စေရန် ဆောင်းတွင်း၌ အမွှေးများစွာမကျွတ်ပဲ ထူထဲစွာရှိနေတတ်ပါတယ်။ သို့သော် ပူသော ရာသီဥတုတွင်တော့ အမွှေးများစွာ ကျွတ်တတ်ပါတယ်။
C)ဆေးပညာရှုထောင့်
သင့်ရဲ့ pug ကလေး ပုံမှန်ထက် အမွှေးများစွာကျွတ်ခြင်း ဖြစ်ပေါ်နေသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။
- အရေပြားနီမြန်း၍ အမွှေးများကျွတ်နေခြင်း
- ဓာတ်မတဲ့ခြင်းကြောင့် အရေပြားယားယံခြင်း
- သိုင်းရွိုင့် ပြသနာ
- သန်း/မွှားများမရှိပဲ အလွန်အမင်း ကုတ်နေခြင်း စတဲ့ ကျန်းမာရေးနဲ့ဆိုင်သော ကိစ္စများကြောင့် အမွှေးများအလွန်အကျွံ ကျွတ်ခြင်း ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသရန် လိုအပ်ပါတယ်။
No comments:
Post a Comment