Credit to Sky kennel
အခြေခံ မျိုးရိုးဗီဇ နှင့် Pug ၏ အရောင်
( Genetic Basics & Pug colour )
- - - - - - - - - - - - -- - - - - - - - - - - - - - - -
Gene တွေဟာ Chromosomes ( ခရိုမိုဆုန်း) တွေရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
Genes နဲ့ chromosomes တွေကို ခွဲခြားလို့မရပါဘူး။
ဥပမာ။ ။ ပုလဲဆွဲကြိုး တကုံး ဆိုပါစို့။
ပုလဲလုံးလေးတွေဟာ genes တွေဖြစ်ပြီး ကြိုးကတော့ chromosomes ပါ။
Gene ဆိုတာ မိဘမျိုးရိုးစဉ်ဆက် အမွေဆက်ခံ ဆင်းသက်လာတဲ့ အရာဖြစ်ပါတယ်။
chromosomes ဆိုတဲ့ ကြိုးလေးပေါ်မှာ ( အဖေဆီက gene တခု , အမေဆီက gene တခု ) 2 ခုပေါင်း မှ ပုလဲလုံးလေး တစ်လုံးစီ အဖြစ် gene တွေက တည်ရှိနေတာပါ။
ု
အဆိုပါ ပုလဲလုံးလေးရှိ အဖေဘက်မှ gene နဲ့ အမေဘက်မှ gene တွေဟာ အမျိုးအစား မတူခဲ့ရင် dominant ( လွှမ်းမိုးသော ) gene နဲ့ recessive ( လွှမ်းမိုးခံ) gene ဆိုပြီး အမျိုးအစား 2 ခု ဖြစ်သွားပါတယ်။
ဥပမာ။ ။ သင့်ရဲ့ ပုလဲလုံးလေးတလုံးစီ ( gene ) မှာ အဖေဘက်မှ အနီရောင် နဲ့ အမေဘက်မှ အပြာရောင် ဆိုပြီး အရောင် 2 ရောင် ရှိသည်ဆိုပါစို့။
အနီရောင်သည် သြဇာကြီးမားသော လွှမ်းမိုးနိုင်သည့် dominant gene ဖြစ်သွားခဲ့ရင် အခြားသော gene ဘက်ခြမ်းတွင် အပြာရောင်ရှိသော်လည်း သင့်ကို အနီရောင် အဖြစ်သာ မြင်ရမည်ဖြစ်သည်။
ဤသဘောတရားကို Phenotype နဲ့ Genotype တို့တွင် တွေ့နိုင်သည်။
Phenotype ၏ သဘောတရားသည် ခွေးတကောင်အတွက် သင်တကယ် အပြင်ပန်းမြင်ရသော အရာကိုဆိုလိုသည်။
ဥပမာ။ ။ အနီရောင် ရှိသော ခွေးကို အနီရောင်အဖြစ် မြင်ရခြင်းသည် phenotype သဘောတရားဖြစ်သည်။
Genotype သည် ခွေး၏ gene အတွင်းရှိ ထိုခွေးသယ်ဆောင်ထားသော အရာပင်ဖြစ်သည်။
( ငုပ်သွေး / ငုပ်ဗီဇ)
ဥပမာ။ ။ ခွေး၏ gene တွင် အနီနဲ့ အပြာရောင် ပေါင်း တစုံရှိလျှင် အနီရောင်အဖြစ်သာ မြင်ရသော်လည်း မမြင်ရသည့် အပြာ gene ကို ထိုခွေး ပိုင်ဆိုင်၍ သယ်ဆောင်ထားခြင်းသည် genotype သဘောပင်ဖြစ်သည်။
Pug ၏ အရောင်အတွက်လည်း ထိုသဘောပင်ဖြစ်သည်။
ပုံ A ကို ကြည့်ပါ။
အပြာရောင်အကွက်သည် အဖေ , ပန်းရောင်သည် အမေ နှင့် အဝါရောင်သည် ကလေး ဖြစ်သည်။
# black + black = black
# fawn + fawn = fawn
# black + fawn = hybrid black
## black pug နှင့် fawn pug သားစပ်လျှင် Hybrid ( နှစ်မျိုးစပ် ) pug လေးများကို ရရှိပါမယ်။ ##
( pure fawn colour ကို မမြင်ရပဲ အနက် သို့ အနက်ရောင်များသော အရောင် ကိုသာ မြင်တွေ့ရမည်။ )
black & fawn တွင် black သည် dominant colour ( သြဇာကြီးသော အရောင် ) ဖြစ်၍ fawn သည် recessive colour ( လွှမ်းမိုးခံ အရောင် ) ဖြစ်ပါတယ်။
ထို့ကြောင့် အနက်ရောင်များသော ( သို့ ) အနက်ရောင် pug များသာ အများအားဖြင့် မွေးဖွားလာနိုင်ပါတယ်။
ဒီလိုဆိုရင်တော့ သင့်ရဲ့ ချစ်လှစွာသော pug လေးဟာ pure black / pure fawn / hybrid pug လားဆိုတာ သင်မသေချာဘူး ဖြစ်နေပြီလား ??
သေချာတာ တစ်ခုတော့ရှိပါတယ်။
အနက်ရောင် gene တခုသာပါခဲ့ပါစေ။ သင့်ရဲ့ pug လေးဟာ pure fawn မဟုတ်တော့ပဲ အနက်ရောင်ဘက်သန်းနေသော ( သို့ ) အနက်ရောင်များသော hybrid pug လေးသာ ဖြစ်နေမှာပါ။
ဤ သဘောတရားမှာ pug ရဲ့ အရောင်တွေဖြစ်တဲ့ fawn , apricot , silver အရောင်တွေအကုန်လုံးအတွက် အကျုံးဝင်ပါတယ်။
ပုံ B ကိုကြည့်ပါ။
# hybrid + fawn = fawn And / Or hybrid black
# hybrid + hybrid = fawn and/or hybrid black and/or black
# hybrid + black = hybrid black And / Or black
## အချုပ်အားဖြင့်ဆိုရင်တော့ အနက်ရောင် pug နဲ့ အခြား အရောင်ရှိသော pug များ သားစပ်မယ်ဆိုရင် ကလေးတွေဟာ အနက်ရောင် (သို့) အနက်ရောင်များသော အရောင်ကိုသာ ရရှိမှာပါ။ ##
## Generation တလျှောက်တွင် black pug ( သို့) အနက်ရောင် သွေးပါသော pug (hybrid pug ) နဲ့
သားစပ်ခဲ့သော ရာဇဝင်ရှိခဲ့ပါက သူတို့ရဲ့ generation တခုခုမှာ အနက်ရောင် gene ဟာ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။ ##
No comments:
Post a Comment