'' Pug လေးများနဲ့ မိုးရာသီ ''
--------------------------------------
အရေပြားခြောက်သွေ့ခြင်းနဲ့ ဗောက်ထခြင်းတို့ ဖြစ်တတ်သောကြောင့် ရေချိုးတဲ့အခါ shampoo အများကြီး သုံးခြင်းကို ရှောင်ရှားရပါမယ်။
ရွှံ့တွေ ဗွက်တွေကြောင့် အမွှေးတွေ ညစ်ပတ်သွားရင်တော့ shampoo မသုံးပဲ ရေ ခပ်နွေးနွေးလေး သုံးပြီး သန့်ရှင်းရေး လုပ်ပေးပါ။
puppy လေးရဲ့ အရေပြားဟာ နုနယ်သေးတဲ့အတွက် အသက် ၄ လမတိုင်ခင် ရေချိုးပေးချင်ရင်တောင် shampoo လုံးဝမသုံးပဲ ရေနွေးနဲ့သာ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
ရေချိုးပြီးတဲ့အခါ သူတို့ရဲ့ အမွှေးတွေမှာ ရေကပ်ကျန်နေခြင်း မရှိအောင် သုတ်ပေးသင့်ပါတယ်။
hair dryer ကို အမွှေးများခြောက်စေရန် အသုံးပြုပေးနိုင်ပါတယ်။
*hair dryer ကို ခပ်ဝေးဝေးမှ ထား၍ အသုံးပြုရန် နှင့် အရမ်းမပူစေရန် အထူးသတိပြုပါ*
အရေပြားတွင် ယားနာ ဖြစ်တတ်သော ရာသီဥတုလဲ ဖြစ်ပါတယ်။
အရေပြားတွင် ယားနာ, အမွှေးကျွတ်နေသော အနာ စသည်တို့ တွေ့ရှိပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသပေးပါ။
မျက်နှာပေါ်ရှိ အရစ်များကိုလဲ သေချာစစ်ဆေး၍ သန့်ရှင်းရေးလုပ်ပေးပါ။
နားကို အကြိမ်များစွာ ကုတ်ခြင်း , ခေါင်းကို ခါရမ်းနေခြင်းများကို သတိထားမိပါက ဆရာဝန်နှင့် ပြသပေးပါ။
ခြေချောင်း လက်ချောင်းများကြားတွင် မိုးရေ ရွှံ့ဗွက်တို့ကြောင့် ယားနာ/ မှို စသည်တို့ ဖြစ်တတ်သောကြောင့်
ခြေချောင်း လက်ချောင်းများကို ရက်နေခြင်း , ကိုက်နေခြင်း ရှိ မရှိကိုလဲ သတိထား ကြည့်သင့်ပါတယ်။
စိုစွက်နေသော မြက်များတွင် မွှားများရှိနေတတ်ပြီး မိုးရာသီတွင် ကြုံတွေ့ရသော စိတ်ညစ်စရာ ပြသာနာ တရပ်ဖြစ်ပါတယ်။
မွှားတွေ့ရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပျောက်ကင်းအောင် ပြုလုပ်ပေးပါ။
တခြား ဆောင်ရန် ရှောင်ရန်များ ကျန်ရှိနေပါကလည်း ထပ်မံ ဖြည့်စွက်၍ အကြံပေး ပေးကြပါ။
မိုးရာသီတွင် pug လေးများနှင့်အတူ ပျော်ရွှင်နိုင်ကြပါစေ။
No comments:
Post a Comment