Credit to Coral Coral
Pug လေးများနှင့် အစာကျွေးခြင်း
----------------------------------
သင်စတင်ဝယ်ယူလာသော ( 45 days / 2 months old ) puppy လေးတကောင်အတွက် တနေ့ကို အစာ 4 ကြိမ် ကျွေးသင့်ပါတယ်။
သင်ဝယ်ယူလာသော နေရာ ( breeder / pet shop / အိမ်မွေး) ကို အစာကျွေးပုံစနစ် ၊ ကျွေးသည့် အစာအမျိုးအစား နှင့် အစာကျွေးနှုန်း စသည်တို့ကို ဝယ်ယူသည့်အချိန်တွင် သေချာစွာ မေးမြန်းသင့်ပါတယ်။
4-6 လအတွင်းတွင် ( တနေ့ 4 ကြိမ်ကျွေးနေသော ပမာဏကို ) တနေ့ကို 3 ကြိမ် ခွဲပြီးကျွေးသင့်ပါတယ်။
6 လနှင့်အထက် အရွယ်မှာတော့ ( 3 ကြိမ်ကျွေးနေသော ပမာဏကို )တနေ့ကို 2 ကြိမ် ကျွေးလျှင် လုံလောက်ပြီ ဖြစ်ပါတယ်။
တချို့သော ပိုင်ရှင်တွေက တနေ့အတွက် 3 ကြိမ်စာကို 2 ကြိမ်ကို များများနဲ့ တကြိမ်ကို အဆာပြေခပ်နဲနဲ
(သို့)တချို့ကျတော့လဲ တနေ့တကြိမ် ကျွေးတတ်ကြပါတယ်။
ပုံမှန်အားဖြင့်တော့ small breed ဖြစ်တဲ့အတွက် အရွယ်ရောက်ချိန်မှာ တနေ့ကို 2 ကြိမ်ကျွေးခြင်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။
အစားမက်တဲ့ pug လေးတွေကို အလိုလိုက်၍ သူတို့စားတိုင်း အလွန်အကျွံအစာကျွေးတတ်ခြင်း၊ တကြိမ်ကျွေးပြီး အစာကုန်သွားသောအခါ ထပ်ထည့်ပေးခြင်း၊မိမိစားသော အစားအသောက်တိုင်းကို ကျွေးနေခြင်း၊ ချစ်သည်ဟုဆိုကာ ကျန်းမာရေးအတွက် အထောက်အကူမဖြစ်သော အစားအစာများကျွေးခြင်း စတဲ့ အပြုအမူတွေဟာ pug လေးတွေကို အဝလွန်စေရန် လုပ်နေခြင်းသာ ဖြစ်တတ်တာကိုတော့ သတိပြုစေချင်ပါတယ်။
သင်၏ pug လေးကို Dog food ကျွေးရန်ရွေးချယ်ပါက pug လေးများစားရန် အဆင်ပြေစေသော အစာလုံး အရွယ်အစား သေးတာကို ဦးစားပေး ဝယ်ကျွေးသင့်ပါတယ်။
အစာခြောက် ကျွေးခြင်းဖြင့် pug လေး၏ ခံတွင်းကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ အစာအိတ်များတွင် ဖော်ပြထားသော body weight နဲ့ အစာကျွေးရမယ့် ပမာဏကို ကြည့်၍ အစာကို ချိန်ကျွေးသင့်ပါတယ်။
တချို့ ပိုင်ရှင်များကတော့ ထမင်း၊အသား နဲ့ ဟင်းသီးဟင်းရွက်များကို ချက်၍ ကျွေးရခြင်းကို ပိုပြီး နှစ်သက်ပါတယ်။
မည်သည့် အစာအာဟာရကို ကျွေးသည်ဖြစ်စေ မိမိခွေးလေး၏ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် ကျွေးပေးရန် အဓိက လိုအပ်ပါတယ်။
Credit : UK pug dog club
No comments:
Post a Comment