Pug များ၏ ရာသီစက်ဝန်း
(Heat Cycle )
==================
Ques : Heat ဆိုတာ ဘာလဲ ?
Ans : ခွေးမများတွင်သာ ဖြစ်သော သားတောင်းခြင်း အချိန်ကာလ တစ်ခု
Ques : ဘယ်အသက်အရွယ်မှာ First Heat စတင်ဖြစ်တတ်သလဲ ?
Ans :
#ဖြစ်နိုင်သော်လည်း တွေ့ရခဲသော အသက်အပိုင်းအခြား - 4 လ မှ 8 လကြား
#အတွေ့ရများသော အသက်အပိုင်းအခြား - 8 လ မှ 12 လကြား
* 15 လနောက်ပိုင်း ရောက်သည်အထိ first heat ဖြစ်ပေါ်ခြင်း မရှိပါက ဆရာဝန်နှင့် စစ်ဆေးပြသသင့်ပါသည်။ *
Ques : Heat ဖြစ်ပေါ်သည်ကို သိနိုင်သော လက္ခဏာများ
Ans : ခွေးမလေးများ၏ တန်ဆာသည် ပုံမှန်ထက်ရောင်ရမ်းပြီး သွေးကျပါတယ်။
( အမတကောင်မှာ သွေးကျပြီး သားစပ်ရန် လက်ခံသည့် အချိန်မှသာ အထီးနဲ့ပေးတွေ့ပြီး သားစပ်ပေးလို့ရတာပါ။)
Ques : Pug အမ လေးများတွင် heat ဖြစ်ပေါ်နေစဉ် နာကျင်မှု / စိတ်မသက်မသာဖြစ်မှု များ ရှိနိုင်ပါသလား?
Ans : မည်သူမှ အတိအကျ ပြောနိုင်ခြင်း မရှိပါဘူး။
ဟော်မုန်းပြောင်းလဲခြင်းကြောင့် အနေအထိုင် , အပြုအမူတချို့ ပြောင်းလဲသွားတတ်တာမျိုးတော့ ရှိပါတယ်။
Ques : Heat တခါဖြစ်ပေါ်လျှင် ရက်အပိုင်းအခြား ဘယ်လောက်ကြာတတ်လဲ ?
Ans : ပျမ်းမျှအားဖြင့် 2 ပတ် မှ 3 ပတ် ကြာတတ်ပါတယ်။
Ques : ခွေးမများတွင် တနှစ်ကို ဘယ်နှကြိမ် heat ဖြစ်ပေါ်တတ်လဲ ?
Ans : 12 လ အပိုင်းအခြားမှာ 2 ကြိမ် heat ဖြစ်ပေါ်ပါတယ်။
# # တခါတရံမှာ ရာသီဥတု, ကျန်းမာရေး, ဟော်မုန်း level အပြောင်းအလဲ စတဲ့အကြောင်းအရာများကြောင့် heat လာစဉ် အစပိုင်းရက်များတွင် သွေးတွေ့သော်လည်း ရက်အနည်းငယ် (သို့) တပတ်ကြာမျှ heat သွေးပျောက်သွားခြင်းရှိတတ်ပါတယ်။ ရက်အတန်ကြာလျှင် ပြန်လည်သွေးတွေ့ပြီး သားစပ်နိုင်ခြင်း ဖြစ်တတ်ပါတယ်။
ထိုကဲ့သို့ ဖြစ်ခြင်းမှာ heat 2 ခါဖြစ်ခြင်း မဟုတ်ပဲ ခဏတာမျှ heat ရပ်သွားခြင်းသာဖြစ်ပါတယ်။ ##
No comments:
Post a Comment